BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
‘ကျွန်တော်သေပြီလို့ ထင်ခဲ့တာ’ - စစ်မှုထမ်း အဓမ္မခေါ်ဆောင်ခံရသူတွေပြောပြတဲ့အတွေ့အကြုံ
မြန်မာနိုင်ငံမှာ လူငယ်တွေကို စစ်တပ်က စစ်မှုထမ်းဖို့ ခေါ်ယူနေတာ အပတ်စဉ် ၂၄ အထိ ရောက်လာပြီဖြစ်ပါတယ်။ ဒါပေမဲ့ လူငယ်တွေဟာ အတင်းအကျပ်နည်းလမ်းတွေနဲ့ စစ်မှုထမ်းအသစ် စုဆောင်းခံရနေတယ်ဆိုတာကို အစီရင်ခံစာတွေမှာ ဖော်ပြနေပါတယ်။ အဓမ္မ စစ်မှုထမ်း စုဆောင်းခံရပြီး ထွက်ပြေးလွတ်မြောက်လာသူနဲ့ ရှေ့တန်းအပို့ခံရသူ ၃ ဦးရဲ့အတွေ့အကြုံကို ဖတ်ရှုနိုင်ပါပြီ။
အီရန်စစ်ပွဲကြောင့် အသာစီးရလာတဲ့ယူကရိန်း ရုရှားနဲ့အပစ်ရပ်ဖို့ နီးလာပြီလား
ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ရုရှားနဲ့ဖြစ်တဲ့စစ်အတွင်း တိုက်ရင်း ထွင်ရင်းရလာတဲ့ စစ်ဘက်နည်းပညာတွေကို ရောင်းချဖို့ အီရန်ရဲ့ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေခံနေရတဲ့ ပင်လယ်ကွေ့က အမေရိကန်မဟာမိတ်နိုင်ငံတွေဆီသွားနေပါတယ်။
PDF ၅ နှစ်ပြည့် - မသန်စွမ်းတပ်သားအရေးဘာကြောင့် အရေးကြီးလဲ
တိုက်ပွဲပေါင်းသောင်းကျော်ကို နှစ်ချီတိုက်ခဲ့တဲ့ကာလအတွင်း ကိုယ်ခန္ဓာအစိတ်အပိုင်း ထိခို က်စွန့်လွှတ်ရတဲ့ ရဲဘော်အရေအတွက်ဟာ"ထောင်ကြီးပိုင်းလောက်အထိ ရှိနိုင်တယ်"လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့ နေပြည်တော်ကို ဖိလစ်ပိုင်တောင်းဆို
ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ္တတွေ့ဆုံခွင့်ပေးဖို့ နေပြည်တော်ကို ဖိလစ်ပိုင်တောင်းဆို၊ ရန်ကုန်လေဆိပ်မှာ မလေးရှားကိုသယ်မယ့် နှစ်ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ တဲ့ သတင်းအပါအဝင် မေလ ၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တင်ဆက်သွားမှာဖြစ်ပါတယ်။
၂၀၂၆ Met Gala မှာ အပြောအများဆုံးဝတ်စုံများ
နာမည်ကျော်အနုပညာရှင်တွေဟာ ၂၀၂၆ Met Gala ပွဲမှာ အခုနှစ်ရဲ့ ပွဲခေါင်းစဉ်ဖြစ်တဲ့ Costume Art နဲ့အညီ အဝတ်အထည်နဲ့ အနုပညာကို ပေါင်းစပ်ထားတဲ့ဝတ်စုံတွေဝတ်ပြီး တက်ရောက်ကြပါတယ်။
အတ္တလန္တိတ် အပျော်စီးသင်္ဘောပေါ်မှာ ကူးစက်ခဲ့တဲ့ ဟန်တာဗိုင်းရပ်စ် အကြောင်းသိသင့်သမျှ
ဟန်တာဗိုင်းရပ်စ်ဟာ ကူးစက်ခဲပေမဲ့ ကြွက်ချေးခြောက်ကထွက်လာတဲ့ အမှုတွေကို ရှူမိရာကနေ လူကိုကူးစက်စေနိုင်ပါတယ်။
မြင်းခြံခရိုင်ထဲက စစ်ရေး မကွေး၊ စစ်ကိုင်းအထိ ဦးတည်လား
အာဏာဗဟိုချက် နေပြည်တော် နောက်ကျောလုံဖို့ မိတ္ထီလာလွင်ပြင်မှာ အင်အားအခိုင်အမာတည်ဆောက်ထားတဲ့ မြန်မာစစ်တပ်ဟာ ဒီလွင်ပြင်နဲ့ကပ်လျက်က မြင်းခြံခရိုင်ထဲကို အင်အားရာနဲ့ချီပါဝင်တဲ့ စစ်ကြောင်းတွေကို ဖြန့်နေပါတယ်။
ရုရှားခြိမ်းခြောက်မှုက ဂျာမနီကို ဥရောပမှာ အရေးအပါဆုံးစစ်တပ်ဖြစ်လာစေပြီလား
ဂျာမနီဟာ ဟိုးအတိတ် တစ်ချိန်တုန်းက ဥရောပကို အကြောက်တရားဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ဥရောပဟာ ဂျာမနီစစ်တပ်ရဲ့လူသူ လက်နက်အင်အားပြန်လည်ဖြည့်တင်းနေတာကို လိုလိုလားလားလက်ခံကြိုဆိုနေပါပြီ။
ကသုံးလုံးဒေသ - တပ်ချုပ်အသစ်လက်ထက် ကချင်အပေါ်စစ်ရေးဖိအား
အင်းတော်ကို သိမ်းလိုက်နိုင်တာက ကချင်ဝင်ပေါက် “ကသုံးလုံးဒေသ” မှာ စစ်တပ်က ပြန်စုဖွဲ့ ပြင်ဆင်လာတဲ့ခြေလှမ်းဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပေါ် စစ်ရေးဖိအား ပိုတိုးလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊တရုတ်အထိုင်နဲ့ နေပြည်တော်ရဲ့ ရွှေ့ကွက်
ရက်ပေါင်း ၁,၉၀၀ ကျော်( ၅ နှစ်ကျော်ကြာ)အကျဥ်းချခံထားရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက်ဓာတ်ပုံတစ်ပုံကို ''ပြစ်ဒဏ်ကျခံရတဲ့နေရာကိုပြောင်းလဲသတ်မှတ်''ဆိုတဲ့သတင်းနဲ့အတူနေပြည်တော်က ထုတ်ပြလာပါတယ်။
စက်ဘီးစီးသင်ပြီး ဘဝသစ်ကို ထွေးပွေ့နိုင်သူတွေ
လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်တုန်းက အိန္ဒိယတောင်ပိုင်းမှာ အမျိုးသမီး အယောက် ၁၀၀,၀၀၀ က စာတတ်မြောက်ရေး လှုပ်ရှားမှုရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် စက်ဘီးစီး သင်ခဲ့ကြပါတယ်။
ကဆုန်လပြည့်လွတ်ငြိမ်း ဒေါ်အောင်ဆန်းစုကြည်မပါပြန်
ကုလသမဂ္ဂနဲ့ အာဆီယံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းမှုလုပ်နေပေမဲ့ ကဆုန်လပြည့်နေ့လွတ်ငြိမ်းမှာလည်း စစ်တပ်ကသူ့ကိုပြန်လွှတ်မပေးသေးပါဘူး။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
မိုင်းဆတ်ကျောက်မီးသွေးစက်ရုံကြောင့် ပျက်စီးလာတဲ့ ဂေဟစနစ်
ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကနေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကြောင့် ရေအရင်းအမြစ်တွေ ညစ်ညမ်းလာလို့ မြစ်ရေကိုအားထားနေရတဲ့ ထိုင်းဘက်က တောင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ခြိမ်းခြောက်နေပြီလို့ ထိုင်းအရပ်ဖက်အဖွဲ့တွေနဲ့ ထိုင်းမီဒီယာတွေကနေ သတိပေးနေတဲ့အသံတွေလည်း ကျယ်လောင်လာပါတယ်။
တပ်ချုပ်သစ်လက်ထက် တပ်အင်္ဂါစဥ် ဘယ်လိုပြောင်းသွားလဲ
ကာကွယ်ရေးဦးစီးချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာ တပ်အင်္ဂါစဥ်တချို့ အပြောင်းအလဲလုပ်ခဲ့ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်းရေ၊လေ) ရာထူးဟာ တပ်ရဲ့ နံပါတ် ၃ နေရာကနေ ရွေ့သွားပါတယ်။
ထိုင်းဝန်ကြီးရဲ့ နေပြည်တော်ခရီးနဲ့ အာဆီယံလမ်းကြောင်းပြောင်းသွားနိုင်လား
ထိုင်းရဲ့ ဒီခရီးစဉ်ဟာ စစ်ခေါင်းဆောင်ကနေ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ သူ့အစိုးရအဖွဲ့အတွက် အာဆီယံဒေသတွင်းသြဇာရှိတဲ့နိုင်ငံတစ်ခုက ထိပ်တန်းသံတမန်တစ်ဦးက လာရောက် ကောင်းချီးပေးတဲ့ခရီးစဥ်အဖြစ် နေပြည်တော်ဘက်က ရှုမြင်နိုင်ပါတယ်။
မိုးမကျခင် KNU တပ်မဟာတွေက တပြိုင်နက်စစ်ရေးလှုပ်ရှားမှုတွေက ဘာသဘောဆောင်လဲ
KNU ပူးပေါင်းတပ်တွေက စစ်တပ်စခန်းတချို့ကို ဆက်တိုက်သိမ်းလာချိန်မှာ စစ်တပ်ဘက်ကလည်း ကုန်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ရန် မဟာဗျူဟာကျကျ လှုပ်ရှားနေပါတယ်။
နှစ် ၂၀၀ ကျော်ကြာဆိုတဲ့ရန်ငြိုးကို ခဝါချခဲ့ကြတဲ့ ကယန်းဆွေမျိုးစုနှစ်စု
ကယန်းလဟွီမျိုးနွယ်စုချင်းတူပေမဲ့ လိုဘာခိုနဲ့ ယပ်ခူရွာက ဆွေမျိုးနှစ်စုတို့ မသင့်မြတ်ဘူးဆိုတာ ဒီးမော့ဆိုဒေသခံတွေသိကြတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။အခုတော့ ဒီရန်ငြိုးတွေကြေခဲ့ကြပြီဖြစ်ပါတယ်။


























































